The Frog (2024)
ဒီနေ့မှ Netflix ကနေ အသစ်စက်စက်ထွက်ရှိလာတဲ့ The Frog ဇာတ်ကားလေးနဲ့ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်ပါတယ်။ရိုက်ကူးထားတဲ့ ဒါရိုက်တာက ပရိသတ်ကြီးကိုလောင်မြှိုက်ပြာကျစေခဲ့တဲ့ The World of the Married ရဲ့ပဲ့ကိုင်ရှင်ဖြစ်လို့ ဒီတစ်ခါမှာရော ဘယ်လိုဇာတ်လမ်းမျိုးနဲ့ဆွဲဆောင်သွားမလဲဆိုတာ စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။
Jeon Young-Ha ဆိုတဲ့အမျိုးသားက အပန်းဖြေတည်းခိုခန်းလိုမျိုး အခန်းငှားတဲ့အလုပ်ကို ဦးစီးလုပ်ကိုင်နေတဲ့သူပါ။အဲဒီနေရာမှာပဲ ၂၀၀၀ပြည့်နှစ်အစောပိုင်းမှာ Koo Sang-Joon ဆိုတဲ့အမျိုးသားကလည်း အခန်းငှားတဲ့အလုပ်မျိုးကိုလုပ်ကိုင်ခဲ့ဖူးပါတယ်။ဒါပေမဲ့ မမျှော်လင့်ထားတဲ့ လျှို့ဝှက်ဆန်းကြယ်ကိစ္စတစ်ခုကြောင့် အရာအားလုံးဆုံးရှုံးခဲ့ရပါတယ်။လက်ရှိမျက်မှောက်ခေတ်မှာလည်း Jeon Young-Ha တစ်ယောက် အလားတူ လျှို့ဝှက်ဆန်းကြယ်ကိစ္စမျိုး ထပ်မံကြုံတွေ့လာရချိန်မှာတော့ ဘယ်လိုဖြစ်သွားမလဲ။Koo Sang-Joon အမှုကိုရော Jeon Young-Ha အမှုကိုရော တာဝန်ယူရတဲ့ စုံထောက် Yoon Bo-Min တစ်ယောက်ရော ဖြေရှင်းနိုင်ပါ့မလားဆိုတာ ကြည့်ရှုခံစားလိုက်ပါဦးနော်။
Youth of May,Sweet Home တို့မှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပရိသတ်ကြီးရဲ့အားပေးမှုကိုရခဲ့တဲ့ မင်းသမီးချော Go Min-Si အပြင် မကြာသေးခင်ကမှ ပြီးသွားတဲ့ Miss Night and Day ထဲက အဒေါ်ကြီးအင်ဆွန်းအဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသမီးကြီး Lee Jung-Eun ကလည်း စုံထောက်နေရာကနေပါဝင်သရုပ်ဆောင်ထားပါတယ်။
စုစုပေါင်း ၈ ပိုင်းထွက်ရှိလာမှာဖြစ်ပါတယ်။