The BoysSeason 4 (2024)
စထွက်ထွက်ချင်းကိုပဲ Rotten Tomatoes 100 % ရထားတဲ့အထိ နာမည်ကြီးနေတယ်နော်ဒီ season မှာတော့ The Boys အဖွဲ့သားတွေအနေနဲ့ အရင်ကလို စည်းစည်းလုံးလုံးသိပ်မရှိတော့ဘဲ တစ်ယောက်တစ်မျိုးစီ ပြဿနာတွေကြုံလာရပါတော့တယ်၇ ဖော်အဖွဲ့မှာလည်း ဟုမ်းလန်ဒါ၊ အေထရိန်းနဲ့ ဒိဗ်တို့ပဲ ကျန်တော့တာမလို့ အဖွဲ့ဝင်အသစ်တွေထပ်ခေါ်ပါတော့တယ်ဒီတစ်ခါ ဟုမ်းလန်ဒါကိုယ်တိုင်ရွေးချယ်ထားတဲ့ အဖွဲ့ဝင်အသစ်တွေကတော့ ခွန်အားထက် ဉာဏ်နီဉာဏ်များတဲ့သူတွေကို ထည့်ထားတဲ့အခါ The Boys အဖွဲ့သားတွေအနေနဲ့ ဘယ်လိုကောက်ကျစ်ယုတ်မာမှုတွေခံလာရမလဲအသက်ရှင်ဖို့ အချိန် ၆ လပဲကျန်တော့တဲ့ ဘွတ်ချာအနေနဲ့ ရိုင်ယန်ကို ဟုမ်းလန်ဒါဆီကနေ ဘယ်လိုပြန်ရအောင် ကြိုးစားမလဲ သမ္မတရာထူးရဖို့ နီးစပ်လာတဲ့ နယူးမန်းကိုရော ဘယ်လိုတွေ တားဆီးသွားမလဲဆိုတာတွေကို စိတ်ဝင်တစားကြည့်ရှုသွားရမှာပါ
🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰