The Boys Season 1 (2019)
ဒီကားက သွေးထွက်သံယိုတွေ ၁၈ ပလပ်တွေ အများကြီးပါတာမလို့ မိသားစုနဲ့တော့ ကြည့်လို့မသင့်ပါဘူး။
The boys universe မှာတော့ ဟီးရိုးတွေဟာ အရင်က သိခဲ့သလိုမျိုး တရားမျှတပြီး အကျင့်သီလပြည့်စုံနေတဲ့လူကောင်းတွေ မဟုတ်နေပါဘူး။ စွမ်းအားရှင်ဟီးရိုးတွေဟာ ဟီးရိုးနာမည်ခံပြီး နောက်ကွယ်မှာတော့ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်တာ ဆေးချတာ လူသတ်တာတွေကို အပျော်တမ်းအနေနဲ့ နေ့စဥ်လုပ်နေကြပါတယ်
တစ်နေ့မှာတော့ ဆေးလွန်နေတဲ့စူပါဟီးရိုးတစ်ယောက်ဟာ သာမန်အရောင်းစာရေးလေးတစ်ယောက်ဖြစ်တဲ့ ဟျူဝီရဲ့ကောင်မလေးကို လူမြင်ကွင်းမှာတင် မတော်တဆသတ်မိခဲ့ပြီး အမှုကို ငွေနဲ့ဖုံးဖိဖို့ကြိုးစားပေမဲ့ ဟျူဝီ့အနေနဲ့ တရားမျှတမှုကိုရနိုင်ဖို့အတွက် FBI အယောင်ဆောင် ဘီလီရဲ့အကူအညီနဲ့ ဟီးရိုးတာဝါထဲခိုးဝင်ပြီး အသံဖမ်းစက်တပ်မိခဲ့တဲ့အခါ ဟီးရိုးလောကရဲ့ အတွင်းထိပုပ်ပွပျက်ဆီးနေတဲ့စိတ်ဓာတ်တွေ အကျင့်တွေ ဖုံးဖိထားတဲ့အမှုတွေကို တူးဖော်မိသွားတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို စိတ်ဝင်တစားနဲ့ကြည့်ရှူသွားရမှာပါ။
IMDB rating 8.7 အထိရရှိထားပြီး လက်ရှိအထိ Season 4 ခုနဲ့ Spin off season 1 ခု ထွက်ရှိထားတာမလို့ တော်တော်လေးနာမည်ကြီးနေတဲ့ series လေးပါ။
😘😘😘😘😘😘😘😘😘😘😘😘😘😘😘😘😘😘😘😘