The Auditors (2024)
ပရိသတ်ကြီးအတွက် မြင်နေကျ အချစ်အလွမ်းအဆွေးကားတွေနဲ့မတူ ဒီတစ်ခေါက် ထူးထူးခြားခြားတင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းလေးက The Auditors ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။
Shin Cha-Ilဆိုတာက အကျင့်ပျက်ခြစားမှုတွေအများအပြားဖြစ်နေတဲ့ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှာ စာရင်းစစ်အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားတဲ့သူပါ။သူဟာအရည်အချင်းထက်မြက်ပြီးတော့ လူတွေအပေါ်ယုံကြည်မှုနည်းပါးတဲ့သူလည်းဖြစ်ပါတယ်။
သူ့ရဲ့အဖွဲ့ဝင်အသစ်ဖြစ်တဲ့ Goo Han-Soo ကတော့ ခေါင်းဆောင်နဲ့မတူဘဲ ဖော်ရွေပြီးတော့ ကြင်နာတတ်တဲ့သူပါ။
အဖွဲ့ဝင်နောက်တစ်ယောက်ဖြစ်တဲ့ Yoon Seo-Jin ကတော့ နာမည်ကြီးစာရင်းစစ်တစ်ယောက်ဖြစ်ဖို့အတွက်ပဲ ရည်မှန်းချက်ရှိတဲ့သူပါ။
ဒီလိုမျိုး အကျင့်စရိုက်မတူညီတဲ့ စာရင်းစစ်အဖွဲ့အနေနဲ့ ရှုပ်ထွေးနက်နဲလှတဲ့ ကုမ္ပဏီရဲ့စာရင်းဇယားတွေကို ဘယ်လိုမျိုးရင်ဆိုင်ဖြေရှင်းသွားမလဲဆိုတာကတော့ စောင့်ကြည့်ပေးကြပါဦးနော်။
ဝါရင့်သရုပ်ဆောင်မင်းသားကြီး Shin Ha-Kyun က ခေါင်းဆောင်ပြီးတော့ Moving ဇာတ်လမ်းတွဲထဲကပရိသတ်ကြီးအချစ်တော် ချစ်စဖွယ်မျက်နှာထားလေးနဲ့ မင်းသား Lee Jung-Ha တို့ကပါဝင်သရုပ်ဆောင်ထားပါတယ်။
စုစုပေါင်း ၁၂ ပိုင်းပါဝင်မှာဖြစ်ပြီး အပတ်စဉ် စနေ၊တနင်္ဂနွေနေ့တွေမှာ စောင့်မျှော်ကြည့်ရှုပေးကြပါဦး။