Sweet Home (Season 3)
ပရိသတ်ကြီးရဲ့တစ်ခဲနက်အားပေးမှုကိုရခဲ့တဲ့ သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းတွဲလေးဖြစ်တဲ့ Sweet Home လေးက နောက်ဆုံးအတွဲဖြစ်တဲ့ season 3 ကို ရောက်ရှိလို့လာခဲ့ပါပြီ။
မကောင်းဆိုးဝါးပုံစံပြောင်းသွားတဲ့ Hyun Soo ကတော့မကောင်းဆိုးဝါးတွေကိုရှင်းပစ်ပြီး လူသားပြန်ဖြစ်ဖို့ကြိုးစားလာပါတော့တယ်။မကောင်းဆိုးဝါးဝင်ရောက်နေတဲ့ Pyeon Sang Wook ကတော့ လူတွေရှောင်တိမ်းရာနေရာဖြစ်တဲ့ ဘေ့စ်ဘော ဘောလုံးကွင်းထဲရောက်သွားပြီး အပြောင်းအလဲတစ်ခုဖြစ်လာအောင်ကြိုးစားခဲ့ပါတယ်။ဒီဇာတ်လမ်းတွဲမှာ ဆေးကျောင်းသားဖြစ်ခဲ့တဲ့ Lee Eun Hyuk တစ်ယောက်ကတော့ ပုံစံအသစ်နဲ့ပြန်ရောက်လာမှာဖြစ်ပါတယ်။ဒီလိုမျိုး မကောင်းဆိုးဝါးအဖြစ်ခံယူထားတဲ့သူနဲ့ လူသားပြန်ဖြစ်ဖို့ ကြိုးစားနေကြတဲ့သူတွေအကြား ပြင်းထန်တဲ့ရင်ဆိုင်ယှဉ်ပြိုင်မှုတွေကို တစ်ဝကြီးကြည့်ရှုခံစားရမှာဖြစ်လို့ လက်မလွှတ်တမ်းစောင့်ကြည့်လိုက်ရအောင်ပါ။
Song Kang,Lee Jin-Uk,Lee Do-Hyun တို့လို နာမည်ကြီးမင်းသားတွေအပြင် Lee Si-Young,Park Gyu-young,Go Min-si စတဲ့နာမည်ကြီးမင်းသမီးအများအပြားနဲ့ အပြိုင်အဆိုင်ကြည့်ရှုရမှာလည်းဖြစ်ပါတယ်။စုစုပေါင်း ၈ ပိုင်းပါဝင်မှာဖြစ်ပါတယ်။