Red Swan (2024)
၉၀ခုနှစ်ဖွားတွေရဲ့အသည်းစွဲ မင်းသားဖြစ်ခဲ့တဲ့ Rain ပါဝင်သရုပ်ဆောင်ထားတဲ့ Red Swan ကားလေးကတော့ ပရိသတ်ကြီးရှေ့မှောက်ကိုရောက်ရှိလို့လာပါပြီ။ဒါ့အပြင် ခေါင်းဆောင်မင်းသမီးကလည်း ဝါရင့်သရုပ်ဆောင်မင်းသမီး Kim Ha-Neul ကအားဖြည့်ထားလို့ ရသမြောက်ဇာတ်လမ်းတစ်ပုဒ်ကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။
Oh Wan-Soo ဆိုတဲ့ အမျိုးသမီးဟာ ကမ္ဘာကျော် ဂေါ့ဖ်ကစားသမားတစ်ယောက်ပါ။ပြီးပြည့်စုံတဲ့ဘဝမျိုးကို အိပ်မက်မက်ထားတဲ့သူ့အတွက် Hwain လုပ်ငန်းစုရဲ့ ဆက်ခံသူနဲ့အိမ်ထောင်ပြုခဲ့ပါတယ်။
Seo Do-Yoon ဆိုတာကတော့ ရဲတက္ကသိုလ်ကနေဘွဲ့ရခဲ့ပြီးတော့ တိုက်ရည်ခိုက်ရည်ပြည့်ဝတဲ့သူပါ။Hwain လုပ်ငန်းစုရဲ့လုံခြုံရေးအဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး Oh Wan-Soo ရဲ့လုံခြုံရေးကိုအဓိကတာဝန်ယူရပါတယ်။
ဒီလိုနဲ့ Oh Wan-Soo တစ်ယောက် လုပ်ငန်းစုရဲ့လျှို့ဝှက်ချက်တွေကို သိရှိလာတဲ့အခါ ဘယ်လိုထိတ်လန့်ဖွယ်အန္တရာယ်မျိုးတွေ ကြုံတွေ့လာရမလဲ။
Seo Do-Yoon ကရော လုပ်ငန်းစုရဲ့လုံခြုံရေးအဖွဲ့ထဲ ဝင်ရောက်လာတဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ ပရိသတ်ကြီးတို့ကိုယ်တိုင် အဖြေရှာရတော့မှာဖြစ်ပါတယ်။
အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တစ်ပတ်နှစ်ပိုင်းနှုန်းနဲ့ စုစုပေါင်း ၁၀ ပိုင်းပါဝင်မှာဖြစ်ပါတယ်။