Miss Night and Day: Season 1: Season 1

Jun. 15, 2024
Your rating: 0
0 0 votes
Ads ads

Miss Night and Day (2024)

ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ဇာတ်ကားလေးက ထူးထူးဆန်းဆန်း အသက်တစ်ချောင်းနဲ့ ခန္ဓာကိုယ်နှစ်ခုမှာ အသက်ရှင်နေရတဲ့ မိန်းကလေးတစ်ယောက်အကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ Miss Night and Day ပဲဖြစ်ပါတယ်။

Lee Mi-Jin ဆိုတာ အသက် ၂၀ ကျော်အရွယ်မှာ ကိုယ့်အားကိုယ်ကိုးတဲ့ တစ်ကိုယ်တော်မိခင်တစ်ယောက်ပါ။ပုံမှန်အလုပ်တစ်ခုရဖို့အတွက်ကြိုးစားရင်း တစ်ဖက်တစ်လမ်းကနေလည်း အချိန်ပိုင်းအလုပ်လုပ်ကိုင်နေသူပါ။တစ်နေ့အိပ်ရာနိုးလာတဲ့အချိန်မှာတော့ အသက် ၅၀ ဝန်းကျင် Im Soon လို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲရောက်နေပါတယ်။

အဲဒီနေ့ကစပြီး နေ့ဘက်ဆို အသက် ၅၀ ဝန်းကျင်အမျိုးသမီး၊ညဘက်ဆို ပုံမှန် ၂၀ ကျော် မိခင်သည်တစ်ယောက်အဖြစ် ခန္ဓာကိုယ်နှစ်ခုမှာ ရှင်သန်နေရပါတယ်။

ဒီလိုဖြစ်ရပ်နဲ့ကြုံခဲ့ရပေမယ့် Lee Mi-Jin ကတော့ အလုပ်ရဖို့အတွက် အခွင့်အရေးအနေနဲ့ ကြိုးစားခဲ့ပါတယ်။သူဝင်ရောက်နေရတဲ့ ၅၀ ဝန်းကျင်အမျိုးသမီးက အမှုစစ်ရုံးတစ်ခုမှာ ကျရာအလုပ်တာဝန်မျိုးစုံကို ကျေကျေပွန်ပွန်ထမ်းဆောင်နိုင်တဲ့ အလုပ်သင်တစ်ယောက်ပါ။သူ့ရဲ့အထက်အရာရှိကတော့ အမှုစစ် Kye Ji-Woong ဖြစ်ပြီး အမှားသေးသေးလေးတစ်ခုတောင် သည်းမခံတတ်တဲ့ ပင်ကိုယ်စရိုက်ကြောင့် ဝန်ထမ်းတစ်ယောက်ပြီးတစ်ယောက် ထွက်သွားရတဲ့အထိဖြစ်နေပါတယ်။

ဒီလိုအချိန် Im Soon ရဲ့လုပ်ရည်ကိုင်ရည်ကိုသဘောကျပြီး အလုပ်သင်အဖြစ်ခန့်ထားရင်းကနေ ခန္ဓာကိုယ်အမှန်ဖြစ်တဲ့ Lee Mi-Jin နဲ့ပါ ပတ်သက်မိတဲ့အချိန်မှာတော့ ဘယ်လိုမျိုး အံ့ဖွယ်ဖြစ်ရပ်မျိုးတွေ ကြုံလာရမလဲဆိုတာ စောင့်ကြည့်ပေးကြပါဦး။

Work Later, Drink Now ထဲက မင်းသမီး Jung Eun-Ji ၊ Zombie Detective ထဲက သွေးစုပ်ဖုတ်ကောင်မင်းသား Choi Jin-Hyuk တို့က ခေါင်းဆောင်ပါဝင်ထားပါတယ်။

Title: 낮과 밤이 다른 그녀 / Miss Night and Day
Release Date: Jun 15, 2024
Genre:  Fantasy, Comedy, Sci-Fi
Aired On: Sat, Sun
Network: Netflix, JTBC
Duration: 1hr 10min
Episode: 16
Format:
MP4
Subtitle: Myanmar (Hardsub)

Comments are closed.