Married: Season 1

Nov. 28, 2024
Your rating: 0
0 0 votes
Ads ads

လက်ထပ်ပြီးမှ သိလာခဲ့တယ် 婚内婚外 (Married)

မင်းသမီးချောလေး Cai Wen Jing နဲ့ မင်မင်တို့ရဲ့လန်လင်း၀မ် Feng Shao Feng ရဲ့ဇာတ်ကားလေး ထွက်လာပါပြီနော်

ဇာတ်လမ်းအကျဉ်း

ဒီကားလေးကတော့ အများပြည်သူရှေ့နေ Ning Yue ဆိုသူနဲ့ သူမရဲ့ခင်ပွန်းဖြစ်သူ Hu Cheng တို့ရဲ့ အိမ်ထောင်ရေးအကြောင်းကို ဇာတ်အိမ်တည်ထားတာပါ

ပျော်ရွှင်ခဲ့ရတယ်လို့ထင်ခဲ့တဲ့ ငါးနှစ်တာအိမ်ထောင်ရေးမှာ ခင်ပွန်းဖြစ်သူ ဟူချန်က ဖောက်ပြန်နေတယ်လို့ သိလိုက်ရတဲ့အခါ

ဒီကားလေးမှာတော့ အိမ်ထောင်ရေးအတွင်း နှစ်ဦးသားကြားက ဆက်ဆံရေးမှာ အဟန့်အတားတွေ ပေါ်ပေါက်လာတဲ့အခါ လက်ရှိလူငယ်နဲ့ လူလတ်ပိုင်းအရွယ်တွေရဲ့ အိမ်ထောင်ရေးနဲ့ အချစ်အပေါ်  ရွေးချယ်မှုနဲ့ ဘဝအယူအဆတွေကို တင်ပြထားပါတယ်

အိမ်ထောင်ရေးပြဿနာတွေနဲ့ ကြုံလာရပြီးနောက်မှာ ဘဝကိုရှေ့ဆက်ရင်ဆိုင်ရဲတဲ့ အမျိုးသမီးတစ် ယောက်ရဲ့ ဆုံးဖြတ်ချက်နဲ့ သတ္တိကို ပရိတ်သတ်ကို မျှဝေခံစားရစေတဲ့ ကားလေးတစ်ကားပဲ ဖြစ်ပါတယ်

” လက်ထပ်ပြီးမှ သိလာခဲ့တယ် ” လက်ထပ်ပြီးမှ ဘာကိုသိတာလဲဆိုတာကို သိချင်ရင်တော့ ဒီဇာတ်ကားလေးကို ဆက်ဆက်စောင့်ကြည့်လိုက်ပါနော်

Comments are closed.