Dear Hyeri: Season 1: Season 1

Sep. 23, 2024
Your rating: 0
0 0 votes
Ads ads

Dear Hyeri (2024)
To My Haeri (2024)

ပရိသတ်ကြီးအတွက် နာမည်ကြီးသရုပ်ဆောင် မင်းသမီး Shin Hae-Sun ခေါင်းဆောင်ပါဝင်ထားပြီး Voice စီးရီးတွဲမှာ ပရိသတ်ကြီးကိုဖမ်းစားနိုင်ခဲ့တဲ့ မင်းသား Lee Jin-Uk တို့ပါဝင်ထားတဲ့ အချစ်ဒရာမာဇာတ်လမ်း Dear Hyeri နဲ့တင်ဆက်ပေးလိုက်ပါတယ်။

ဖန်တီးပေးထားတဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာဆိုရင်လည်း Twenty Five Twenty One,The King: Eternal Monarch တို့လို တစ်ကားဆိုတစ်ကားဆိုသလောက် ပရိသတ်ကြီးအမြဲအမှတ်ရနေစေမယ့် ဇာတ်ကားမျိုးကိုတင်ဆက်ပေးထားတဲ့သူဖြစ်လို့ လုံးဝစောင့်ကြည့်ရမယ့်ဇာတ်လမ်းလေးဆိုရင်လည်းမမှားပါဘူး။

Joo Eun-ho ဆိုတာ နာမည်မထင်မရှား တင်ဆက်သူအဖြစ် ၁၄ နှစ်ကြာလုပ်ကိုင်ခဲ့ပေမယ့် နာမည်တစ်ခုရဖို့ကြိုးစားနေရတုန်းပါ။ဒါ့အပြင်အချိန်အတော်ကြာလက်တွဲခဲ့တဲ့ ချစ်သူနဲ့ လမ်းခွဲခဲ့ရပြီးတော့ စိတ်ဒဏ်ရာရခဲ့ပြီး Joo Hye-ri ဆိုတဲ့နာမည်နဲ့ စရိုက်အသစ်ပုံစံအသစ်ဖြစ်ခဲ့ပါတယ်။Jung Hyun-oh ကတော့ နာမည်ကြီးတင်ဆက်သူဖြစ်သလို Joo Eun-ho နဲ့လည်း ရည်းစားဟောင်းပါ။သူတို့နှစ်ယောက်ရဲ့ ပြန်လည်တွေ့ဆုံမှုကနေ စိတ်ဒဏ်ရာတွေကိုအချင်းချင်းကူညီကုသပေးရင်းကနေ အချစ်ဇာတ်လမ်းအသစ်တဖန်ဖြစ်ပေါ်လာပုံကို ရိုက်ကူးတင်ဆက်ထားတာဖြစ်လို့ ပရိသတ်ကြီးနဲ့အတူတူ စောင့်မျှော်ကြည့်ရှုလိုက်ရအောင်ပါ။

Comments are closed.