Bad Memory Eraser: Season 1: Season 1

Aug. 02, 2024
Your rating: 0
0 0 votes
Ads ads

Bad Memory Eraser (2024)

ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ဇာတ်ကားလေးက စိတ်ကူးယဉ်အချစ်ဇာတ်လမ်းလေးကို ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုခံစားရမယ့် Bad Memory Eraser လေးပဲဖြစ်ပါတယ်။

လူတိုင်းဘဝမှာလဲကျရတဲ့အခိုက်အတန့်တွေ၊ကျရှုံးခဲ့ရတဲ့ အချိန်တွေဆိုတာရှိစမြဲပါ။ဒီလိုအခိုက်အတန့်တွေကို မှတ်ဉာဏ်ထဲကနေ ဖျက်ပစ်နိုင်မယ်ဆိုရင် အသစ်တဖန်ပြန်မွေးဖွားလာသလို အစကနေပြန်စတင်နိုင်မှာလည်းဖြစ်ပါတယ်။
ဒီလိုပဲ ဒီဇာတ်လမ်းလေးထဲက မင်းသား Lee Goon က နာမည်ကြီးတင်းနစ်ကစားသမားဖြစ်လာနိုင်မယ့်အရည်အချင်းတွေရှိတယ်လို့ သတ်မှတ်ခံရပေမယ့် ဒဏ်ရာပြဿနာတွေကြောင့် ရှုံးနိမ့်မှုတွေရင်ဆိုင်ခဲ့ရပါတယ်။ဒီလိုအချိန်မှာ သူ့ရဲ့ကျရှုံးခဲ့တဲ့မှတ်ဉာဏ်တွေကို ဖျက်ပစ်ပြီး လူသစ်တစ်ယောက်လိုပြန်မွေးဖွားလာနိုင်ဖို့ အခွင့်အရေးပေးခဲ့တဲ့သူကတော့ ဆရာဝန်မလေး Joo-Yeon ပဲဖြစ်ပါတယ်။
ဒီလိုမျိုးအသစ်တဖန်ပြန်မွေးဖွားလာတဲ့ Lee Goon တစ်ယောက် ရှုံးနိမ့်မှုတွေကနေ ပြန်လည်နိုးထပြီး ဆရာဝန်မလေး Joo-Yeon နဲ့ အချစ်စစ်ကိုရှာဖွေတွေ့ရှိသွားမလားဆိုတာ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။

စုစုပေါင်း ၁၆ပိုင်းပါဝင်မှာဖြစ်ပြီး အပတ်စဉ် သောကြာ၊စနေနေ့တွေမှာ စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။

Comments are closed.