A Virtuous Business (2024)
=========================
အားလုံးစောင့်မျှော်နေကြတဲ့ penthouse ထဲက ချောင်းဆောဂျင်ရဲ့ ကားသစ်လေးလာပါပြီ
ပွင့်လင်းမြင်သာမှုမရှိသေးတဲ့ 1992 ခုနှစ်မှာ လိင်မှုပစ္စည်းတွေကို တစ်အိမ်တက်တစ်အိမ်ဆင်းလိုက်လံရောင်းချဖို့ဖြစ်လာခဲ့တဲ့ နောက်ခံမတူညီကြတဲ့ အမျိုးသမီးလေးဦးကိုအဓိကထားရိုက်ကူးထားတဲ့ကားလေးပဲဖြစ်ပါတယ်
လိင်မှုပစ္စည်းတွေကိုလိုက်လံရောင်းချတာက အကျိုးစီးပွားရှိတဲ့အရာလည်းဖြစ်သလို စုံတွဲတွေကြားက လျှို့ဝှက်လောကလေးထဲကို ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း ပေးစွမ်းစေပေမယ့် လိင်မှုနဲ့ပတ်သက်ပြီး အသံတောင်ထုတ်ဖော်မပြောရဲ့တဲ့ အရှက်အကြောက်ကြီးမားတဲ့ခေတ်မှာ လိင်မှုပစ္စည်းတွေကို တစ်အိမ်တက်တစ်အိမ်ဆင်း သိုသိုဝှက်ဝှက်နဲ့လိုက်လံရောင်းချရာကနေ ဘယ်လိုအလွဲဟာသလေးတွေပေါ်ပေါက်လာမလဲ
ဘယ်လိုမျိုးထူးဆန်းတဲ့၀ယ်ယူသူတွေနဲ့ကြုံတွေ့ရမလဲဆိုတာ………တမူထူးခြားတဲ့ဇာတ်လမ်းပုံစံလေးနဲ့ စောင့်မျှော်ကြည့်ရှုရမယ့်ဟာသကားသစ်လေးပါ