We Live In Time (2024)
ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ တမြေ့မြေ့နဲ့ ဆွဲခေါ်သွားမယ့် IMDb rating 7.2/10 ရရှိထားတဲ့ romance ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့ တိုဘိုင်းရပ်စ်ဟာ ဇနီးသည်နဲ့ ကွာရှင်းထားလို့ စိတ်ဓာတ်ကျနေတဲ့အချိန်မှာ အယ်လ်မက်ဆိုတဲ့ စားဖိုမှူး ကောင်မလေးနဲ့ တွေ့ဆုံခဲ့ပါတယ်။ သူတို့နှစ်ယောက် နောက်မှ သိလိုက်ရတာက အယ်လ်မက်မှာ သားအိမ်ကင်ဆာဝေဒနာခံစားနေရပါတယ်။ ကလေးလိုချင်နေတဲ့ တိုဘိုင်းရပ်စ်ကြောင့် အယ်လ်မက်ဟာ သားအိမ်ကို ခွဲမထုတ်ခဲ့ပဲ ချစ်စရာသမီးလေးကို အခက်အခဲတွေကြားက ရအောင်မွေးခဲ့ပါတယ်။
ဒါပေမယ့် ကင်ဆာရောဂါဆိုတဲ့အတိုင်း အချိန်အကန့်အသတ်နဲ့နေရမယ့် ဘဝမှာ သူတို့မိသားစု ဒီအခြေအနေတွေကို ဘယ်လို ဖြတ်ကျော်ကြမလဲဆိုတာ အဆုံးထိ ဇာတ်လမ်းဇာတ်အိမ် ခိုင်ခိုင်နဲ့ ကြည့်ရှုရမယ့် ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။