ဇာတ်ကားကောင်းအဖေဖြစ်သူ့ရဲ့မေတ္တာတရားကြီးမားပုံမြင်တွေ့နိုင်မယ်ဇာတ်ကား
ဒီတစ်ခါမှာတော့ အိန္ဒိယဇာတ်ကားလေး တစ်ကားဖြစ်တဲ့ Vimananဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။
ရာဂျူးဟာ လေယာဉ်တွေကို အလွန်နှစ်သက်မြတ်နိုးတဲ့ ခြေတစ်ဖက်မသန်တဲ့ဗီရာရာဆိုတဲ့ ဖခင်ကြီးရဲ့သားပါ။၊ရာဂျူးလေးက ကျောင်းစာတွေမှာလည်းထူးချွန်တယ်။
အဖေ့အပေါ်မှာလည်း သိတတ်တယ်။တစ်နေ့ကျရင် ပိုင်းလော့လုပ်မယ်ဆိုတဲ့ရည်မှန်းချက်ကြီးလည်းရှိတဲ့လူပါ။အဲ့လိုနဲ့တစ်နေ့ ရာဂျူးကျောင်းမှာ မူးလဲပြီး
ဆေးရုံတင်လိုက်ရပါတယ်။ဆေးစစ်ချက်အဖြေအရ ရာဂျူးမှာ သွေးကင်ဆာနောက်ဆုံးအဆင့်ရှိနေခဲ့ပါတယ်။အဲ့ဒီအခါမှာ ဗီရာရာတစ်ယောက် သားရဲ
့နောက်ဆုံးဆန္ဒဖြစ်တဲ့လေယာဉ်စီးချင်တယ်ဆိုတာကို ဖြည့်ဆည်းပေးချင်ခဲ့ပါတယ်။ဒါပေမဲ့ချို့တဲ့တဲ့မိသားစုဖြစ်တဲ့အတွက်ကြောင့် မတတ်နိုင်ဖြစ်နေခဲ့ပါတယ်။
ရာဂျူးနဲ့သူ့အဖေတို့ရဲ့ချစ်ခြင်းမေတ္တာတွေ အဖေတစ်ယောက်ရဲ့ယူကျုံးမရဖြစ်မှုတွေ မြေနိမ့်ရာလှံစိုက်ချင်ကြတဲ့လူတွေရဲ့သဘောသဘာဝကို
ရိုက်ပြထားတာဖြစ်တဲ့အတွက် ကြည့်ရှုလို့ကောင်းမယ့် ရင်နင့်ဖွယ်ဒရမ်မာဇာတ်ကားလေးပါ။