Villu (2009) မြန်မာစာတန်းထိုး
ပူဂါ့ဇ်ဟာ IIT မှာ ကျောင်းတက်နေတဲ့ အင်ဂျင်နီယာကျောင်းသားတစ်ယောက်ပါ။
မင်္ဂလာဆောင်တစ်ခုကိုသွားရင်း
တွေ့ဆုံချစ်ကြိုက်မိတဲ့ ဂျာနဗီဆိုတဲ့ မိန်းခလေးခေါ်ရာ ဂျာမဏီကိုလိုက်သွားရာကနေ …
ဂျာနဗီ့အဖေ ဂျေဒီဟာ လက်နက်မှောင်ခိုရောင်းဝယ်ဖောက်ကားနေသူဖြစ်ကြောင်း သိလိုက်ရပြီး. . .
ဂျေဒီ့ဂိုဏ်းသားတွေကို နောက်ကွယ်ကနေ လိုက်လံသတ်ဖြတ်ပါတော့တယ်။
ဒီကိစ္စကိုသိသွားတဲ့ ဂျာနဗီက ပူဂါ့ဇ်ကိုတားမြစ်ပေးဖို့
ပူဂါ့ဇ်ရဲ့အမေကို လှမ်းပြောတယ်။
ဒါပေမယ့်လည်း
အမေဖြစ်သူကပါ ပူဂါ့ဇ်ဘက်က ဖြစ်နေတာကို ထပ်မံသိလိုက်ရပြန်တယ်။
အင်ဂျင်နီယာကျောင်းသားဖြစ်နေပေမယ့်
ဟိုးအရင်က ဘယ်လိုပတ်သက်မှုတွေရှိခဲ့လို့ ပူဂါ့ဇ်ဟာ ဂျေဒီ့ကိုလိုက်လံနှောက်ယှက်နေတာလဲ. . .
ဗီဂျေးနှစ်ကိုယ်ခွဲကားမို့ နောက်ကြောင်းပြန်ပြကွက်တွေ အများကြီးပါဝင်ပါတယ်။
မင်းသမီးက နာယန်သရာဆိုတော့ အတော်လေးကြည့်လို့ကောင်းပါတယ်။
crd