Till Love Do Us Apart (2024)
လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ ကိုယ်လက်အင်္ဂါမပြည့်စုံကြတဲ့လူတွေကို
ဖယ်ကျဥ်းနေကြစမြဲဆိုတဲ့အရာကိုမီးမှောင်းထိုးပြထားတဲ့ Till love do us apart
ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။
ဖူကျားယိဆိုတဲ့အသက် ၃၀ အရွယ်ဝန်းကျင်ကောင်မလေးကမွေးရာပါလက်နှဖက်မပါတဲ့
မသန်စွမ်းတစ်ယောက်။ သူနဲ့အတူအကြားအာရုံချို့တဲ့နေတဲ့ ဖူမန်သော်ဆိုတဲ့မောင်လေး ၂ ယောက်လုံးက
မသန်ပေမဲ့ စွမ်းတယ်ဆိုတဲ့အတိုင်းအရမ်းကြင်နာတတ်ပြီးစိတ်ထားကောင်းကြတဲ့ မောင်နှမ ၂ ယောက်။
ဒီလိုနဲ့တနေ့မှာဖူမန်သော်ကိုအနိုင်ကျင့်တဲ့ အစ်ကိုမန်ဆိုတဲ့လူက ဖူကျားယိနဲ့
မာကျောက်ဆော့ရင်းရူံးသွားခဲ့တယ်။ဒါပေမဲ့ မကျေနပ်ပဲ ဖူကျားယိကိုမိဘမဲ့
အကြည်းတန်လှောင်ပြောင်စော်ကားမိတာကြောင့် ဖူကျားယိတစ်ယောက်စိတ်ဆိုးလို့
အရက်သောက်ပြီးအိမ်ပြန်လမ်းမှာ အမှိုက်ပုံးထဲက ကလေးငိုသံကြားလို့သွားကြည့်ရင်း
သမီးမိန်းကလေး တစ်ယောက်ကို အမှိုက်ပုံးထဲစွန့်ပစ်ထားခဲ့တာတွေ့သွားတာပေါ့။
ဒီလိုနဲ့သနားစိတ်နဲ့အိမ်ခေါ်လာပြီး မောင်နှမထိန်းကျောင်းလာကြတာအချိန်တခုကြာပြီးနောက်
အိမ်နီးနားချင်းတွေကကလေးငိုသံကြောင့်မအိပ်ရကြောင်းကို အစ်ကိုမန်နားထဲရောက်သွားခဲ့တယ်။
ပတ်ဝန်းကျင်က ရဲကိုဖူကျားယိတစ်ယောက် ကလေးလူကုန်ကူးကြောင်း
လုပ်ကြံတိုင်ကြားခဲ့တာကြောင့် ဖူကျားယိတယောက်ရဲစခန်းကိုရောက်သွားတဲ့အခါမှာတော့
ဒီဇာတ်ကားလေးဟာ လူသားချင်းမေတ္တာတရားတွေနဲ့
ဆက်ဆံပုံအပြင် ဘဝမှာဘယ်အရာအရေးအကြီးဆုံးဆိုတာကို
မီးမောင်းထိုးပြထားတဲ့ ဇာတ်ကားကောင်းလေးတကားပဲဖြစ်ပါတယ်