The Witch: Revenge (2024)
စုန်းမကလဲ့စား
Stress တွေပိရင် အကြည့်သင့်ဆုံးကတော့ Revenge movies တွေပါရှင့်.. ဒါကြောင့်မလို့ Souler တို့အတွက် ရွေးချယ်ပေးထားတဲ့ ဇာတ်ကားကောင်းလေးကတော့
The Witch: Revenge (2024)
စုန်းမကလဲ့စား
ဇာတ်လမ်းအညွှန်း
ရှေးဟောင်းစုန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်မိပြီးတော့ သူ့အစွမ်းတွေကို စွန့်လွှတ်လိုက်တယ်။ အဲဒီယောက်ျားနားမှာနေရတာ သာမန်မိန်းကလေးတစ်ယောက်လို ခံစားရတယ်… ချစ်မိနေတဲ့မိန်းကလေးတစ်ယောက်လိုမျိုးတဲ့။
အဲဒီယောက်ျားကို ဆုံးရှုံးလိုက်ရတဲ့ခံစားချက်က ဘဝပေါင်းဒါဇင်ချီ စစ်ပွဲရာချီ သေဆုံးမှုထောင်ချီ ကြုံတွေ့ခဲ့ရတဲ့ သူလိုစုန်းမတစ်ယောက်အတွက် အဆိုးဝါးဆုံးပဲ။ အဲဒါကြောင့် သူစွန့်လွှတ်ထားတဲ့ အစွမ်းတွေနဲ့ လိုက်ပြီးကလဲ့စားချေတော့တယ်