The Warring States (2011)
………………………………………
တိုက်ပွဲတို့၏ မဟာဗျူဟာအရှင်
မြန်မာစာတန်းထိုး( Movie)
ဇာတ်လမ်းအကျဥ်း👇👇
ဒီဇာတ်ကားထဲက မင်းသမီးကတော့ Martial ပရိတ်သတ်ကြီးနဲ့ မစိမ်းတဲ့ “သစ္စာဖြင့်စီရင်အပ်သော” ကားထဲက မင်းသမီး Jing Tian ပဲဖြစ်ပါတယ်။
နောက်ထပ် တောင်ကိုရီးယားမင်းသမီး
Kim Hee Seon (လီဟန်နီ) လည်း ပါဝင်ထားပါသေးတယ်။
ဒီဇာတ်ကားလေးဟာ တရုတ်ပြည်ရဲ့ BC 475-221 ကိုအခြေတည်ရိုက်ကူးထားတယ်လို့လည်း ဆိုထားပါတယ်။
ဇာတ်လမ်းအကျဥ်းကတော့ လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ထောင်တုန်းက ဘုရင်တွေဟာ နယ်မြေပိုင်ဆိုင်မှုအတွက် တိုက်ပွဲတွေဆင်နွှဲခဲ့ကြတယ်။
အဲဒီအခါမှာတော့ စစ်ပရိယာယ်ကြွယ်ဝပြီး စစ်ရေးဗျူဟာတွေကို နားလည်တတ်ကျွမ်းတဲ့ ပညာရှင်တွေကို တိုင်းပြည်တိုင်းက အလိုရှိလာကြတယ်။
တစ်ချိန်တည်းမှာပဲ ပညာရှိဆရာကြီးကွေ့ကူကျစ်ရဲ့ စစ်ရေးဗျူဟာတွေကို သင်ယူတတ်မြောက်ခဲ့တဲ့ တပည့်ဖြစ်သူ “စွင်းပင်း” ကိုတိုင်းပြည်တိုင်းက လိုချင်လာကြတယ်။
ဆရာကြီးရဲ့တပည့်ရင်းနှစ်ယောက်ဖြစ်တဲ့ “စွင်းပင်း”နဲ့ “ဖန်းကျွမ်း” တို့ဟာ ညီအစ်ကိုရင်းတွေလို သဘောထားကြပေမယ့် စစ်မြေပြင်မှာ ထိပ်တိုက်တွေ့လာရတဲ့အခါ ဘာတွေပြောင်းလဲ သွားကြမလဲ ….
နောက်ပြီး မင်းသမီး ထျန်းရှီ(Jing Tian) ရဲ့စစ်သူကြီးအသွင်ကို မြင်တွေ့ရမယ့်အပြင် တာဝန်ကျေတဲ့ သမီးတစ်ယောက်သာမက အချစ်နဲ့တွေ့ဆုံတဲ့အခါမှာရော ဘယ်လိုရဲရင့်စွန့်စားမလဲ….
တောင်ကိုရီးယားမင်းသမီး Kim Hee Seon ကရော
ဘယ်လိုနေရာကနေ ပါဝင်သွားမလဲ…..
ဆိုတာကို သိချင်တယ်ဆိုရင်တော့ ဇာတ်လမ်းလေးကို အဆုံးထိကြည့်လိုက်ပါနော်