ယန်းမီဂယောင်းဟာ နယ်မြို့လေး တစ်ခုမှာ ဆံပင်ညှပ်ဆိုင်ငယ်လေးတစ်ခုဖွင့်ထားပါတယ်။ သူမသားဖြစ်သူ အင်ဆူးက ဥပဒေ စာမေးပွဲအတွက် ပြင်ဆင်နေပြီး ဥပဒေစာမေးပွဲကျောင်းသားများအတွက် တိုက်ခန်းတစ်ခုမှာ နေထိုင်ခဲ့ပါတယ်။ မီဂယောင်း တစ်ယောက်သားဖြစ်သူရဲ့ ရေမီတာ ဝမ် ၁၂ သိန်းကျော် လက်ခံရရှိထားကြောင်း သားဖြစ်သူထံမှ သိရှိခဲ့ရချိန်မှာ သူမအံ့အားသင့်သွားပြီး နောက်ထပ်အသေးစိတ်အချက်အလက်များကို သိရှိရန် တိုက်ခန်းကိုသွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အဲဒီီမှာ မီဂယောင်းက တစ်ခုခုမူမမှန်တာကိုခံစားမိပြီး စုံစမ်းမှုတွေစတင်ပြုလုပ်ခဲ့ပါတယ်။ အဲတော့ မူမမှန်တာတွေကဘာတွေလဲ ရေမီတာခတွေက ဘာလို့ဒီလောက်ထိကျနေလဲဆိုတာကို အဆုံးထိသိချင်အောင် ဆွဲခေါ်သွားနိင်ပြီး သားသမီးအပေါ်မိဘက ထားရှိတဲ့မေတ္တာတရားကိုလဲ ပေါ်ပေါ်လွင်လွင် ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။