ရေသူထီးလေးနှင့် သွေးပုလဲဒဏ္ဍာရီ 人鱼(The Mermaid)2023 ရုပ်ရှင်
ဇာတ်လမ်းအကျဉ်း
အခုတင်ဆက်ပေးမဲ့ဇာတ်လမ်းလေးကတော့ ဒဏ္ဍာရီလေးတစ်ခုပေါ်မူတည်ပြီး ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်
ကင်လယ်ကြီးရဲ့အနက်ဆုံးအပိုင်းမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ ရေငါးမျိုးနွယ်စု နေထိုင်ကြပါတယ် သူတို့ဟာ ငါးတွေအားလုံးကို ထိန်းချုပ်နိုင်ပြီး အနာရောဂါမှန်သမျှကိုလည်း ပျောက်ကင်းအောင်နိုင်ပါတယ်တဲ့
ဒါ့အပြင် သူတို့ဟာ မွေးကတည်းက ဒွိလိင်တွေဖြစ်ကြပြီး သူတို့ရဲ့အချစ်စစ်နဲ့ တွေ့မှသာ ကျား မ လိင်ကွဲလာပြီး ချစ်ရသူနဲ့ သေတပန်သက်တစ်ဆုံး ပေါင်းဖက်သွားကြရပါတယ်တဲ့
ရှန့်ယန်ဟာလည်း ရေသူမျိုးနွယ်ဖြစ်ကာ သူ့မျိုးနွယ်စုနဲ့ကွဲနေတာကြောင့် လူသားတွေက မွေးမြူပေးထားတာပါ သူများနဲ့မတူ ဒွိလိင်ဖြစ်နေတာကြောင့် အမြဲလိုလို အထီးကျန်ခြင်းကို ခံစားနေရသူလည်း ဖြစ်ပါတယ်
ဒီလိုနဲ့တနေ့မှာ ရှန့်ယန်ဟာ လုကျားကျားဆိုတဲ့ကောင်မလေးဆီက သွေးပုလဲကနေ သူ့ရဲ့မျိုးနွယ်စုသတင်းကို သိခဲ့ရပါတယ် သူလည်း မျိုးနွယ်စုဆီပြန်သွားဖို့အတွက် လုကျားကျားဆီချဉ်းကပ်ခဲ့ပါတော့တယ်
နောက်ဆုံးမှာ ရှန့်ယန်တစ်ယောက် သူ့ရေသူမျိုးနွယ်ဆီ ပြန်သွားနိုင်မှာလား လုကျားကျားနဲ့ရော ဘယ်လို ဇာတ်လမ်းလေးတွေ ဆက်ဖြစ်မလဲ