Tae Guk Gi: The Brotherhood of War (2004)
လူကြိုက်များပြီးသားစစ်ကားတကားဖြစ်သလို မြန်မာစာတန်းထိုးနဲ့ ရသပြည့်ပြည့်၀၀ ခံစားရအောင်တင်ဆက်ပေး လိုက်ပါတယ် သမိုင်းနောက်ခံ Fatherland Liberation War လို့ခေါ်တဲ့တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားကြားမှာ 25ဇူလိုင်လ၁၉၅၀ကနေစပြီးဖြစ်ပွါးခဲ့ပါတယ်
၃နှစ်ကြာ(၁၉၅၀ ဇူလိုင် ၂၇မှ)ပြီးမယ့်
ဒီစစ်ပွဲမှာ အမေရိကန်တွေက တောင်ကိုရီးယားဘက်ကဝင်တိုက်ပေးခဲ့သလို ဆိုဗီယက် အထောက်အပံ့ရထားတဲ့တရုတ်တွေကမြောက်ကိုရီးယားဘက်ကဝင်တိုက်ပေးခဲ့တယ်
ဒုတိယကမ္ဘာစစ်အပြီး စစ်အေးကာလအရှိန်မြင့်နေတဲ့အချိန်မှာဖြစ်ခဲ့တဲ့ဒီစစ်ပွဲမှာ ၁၉၄၅စက်တင်ဘာလ၈ရက်နေ့ ဒုတိယဗိုလ်ချုပ်ကြီး အန်ချီယွန်ကိုရောက်လာပြီး လတ္တီကျူ38ဒီဂရီမျဉ်းနဲ့အပြိုင်ဒေသမှာ ဂျပန်တို့လက်နက်ချပွဲတက်ရောက်ခဲ့တယ်
၁၉၄၅ဒီဇင်ဘာလမှာ ဆိုဗီယက်အမေရိကန်ကော်မရှင်အဖွဲ့ကကိုရီးယားကိုအုပ်ချုပ်ခဲ့တယ် ဂျပန်ကိုအတူတိုက်ထုတ်ခဲ့ကြတဲ့ ကိုရီးယားနိုင်ငံသားတွေဟာတောင်မြောက်ကွဲပြီး သူသေကိုယ်သေတိုက်နေသလို စစ်အေးကာလသြဇာကြီးမားဖို့အတွက် အမေရိကန်နဲ့ဆိုဗီယက်တို့ကလဲအပြိုင်အဆိုင်တိုက်ကောင်းနေကြတဲ့အချိန်လဲဖြစ်တယ်