Polaroid 2019
ဓာတ်ပုံရိုက်ပြီးအချိန်ခနလေးအတွင်းမှာပုံထွက်လာတဲ့ပိုလာရွိုက်ကင်မရာလေးတွေကို
မိန်းကလေးတွေတော်တော်သဘောကျပြီးလိုချင်ကြမှာပါ…
ဒါပေမယ့် ဓာတ်ပုံရိုက်ပြီးတာနဲ့ သိပ်မကြာခင်မှာသေသွားနိုင်လောက်တဲ့
ပိုလာရွိုက်ကင်မရာဆိုရင်ရောလိုချင်ကြဦးမှာလား…
ဒီ Polaroid ဆိုတဲ့ရုပ်ရှင်ကတော့ ၂၀၁၅ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ နာမည်တူ
Polaroid ဆိုတဲ့ဇာတ်လမ်းတိုလေးကိုပဲပြန်ရိုက်ထားတာပါ
ဘတ်ဒ်လို့ခေါ်တဲ့ တစ်ယောက်တည်းနေရတာကိုသဘောကျတဲ့ကောင်မလေးတစ်ယောက်
သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ကေစီရဲ့မဲဆွယ်မှုနဲ့ပါတီပွဲတစ်ခုကိုရောက်သွားရာကနေ
သူအလုပ်လုပ်နေတဲ့ရှေးဟောင်းပစ္စည်းအရောင်းဆိုင်ကနေရလာခဲ့တဲ့
ပိုလာရွိုက်ကင်မရာလေးနဲ့ သူ့ရဲ့သူငယ်ချင်းတွေကိုအုပ်စုလိုက်ဓာတ်ပုံတစ်ပုံရိုက်ပေးခဲ့မိတယ်…
အဲ့နောက်မှာ သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက်သေဆုံးလာတဲ့အခါမှာ
ဘတ်ဒ်တစ်ယောက် ကင်မရာနဲ့ပတ်သတ်ပြီး ထူးဆန်းတာကိုသတိထားလာမိခဲ့တယ်…
ဘာကြောင့် အဲ့ကင်မရာနဲ့ရိုက်ပြီး သေဆုံးသွားကြရတာလဲ
သူ့ရဲ့ကျန်ရှိနေသေးတဲ့သူငယ်ချင်းတွေကို ဘယ်လိုကယ်တင်မှာလဲ…
ဒီကားထဲမှာ စိတ်လှူပ်ရှားစွာနဲ့ကြည့်လိုက်ရအောင်လား..