မီဂျာဟာ မြေးဖြစ်သူနဲ့ အတူတူနေနေတဲ့ အသက် ၆၆ နှစ်အရွယ် အဖွားတစ်ယောက်ပါ။
လူပျိုဖော်ဝင်ခါစ မြေးဖြစ်သူကြောင့် မီဂျာဟာ မြေးနဲ့ အဖော်မရဘဲ တစ်ယောက်တည်းအထီးကျန်နေရတဲ့လူပါ။ စာရေးစာဖတ်ရတာကို သဘောကျပြီး အသက်ကြီးကာမှ ကဗျာသင်တန်းတက်ပြီး စိတ်ကူးထဲက ကဗျာလေးတစ်ပုဒ်ကို စပ်ချင်တဲ့ မီဂျာအတွက် ကံဆိုးချင်တော့ အယ်ဇိုင်းမားဆိုတဲ့ သူငယ်ပြန်ရောဂါက ဘဝထဲ ဝင်လို့လာပါတော့တယ်။
တဖြည်းဖြည်း စာလုံးတွေမေ့ရာက လမ်းမေ့ လူမေ့ ဖြစ်လာတော့မှာကို တွေးပြီးဝမ်းနည်းနေရင်းမှ မြေးဖြစ်သူရဲ့ ပြဿနာတစ်ခုကြောင့် ငွေအရေးကြီးလိုအပ်ပြီး ငွေရအောင်ရှာကြံရဖို့ ဖြစ်လာပါတော့တယ်။
အင်အားချိနဲ့တဲ့ အဖွားတစ်ယောက်ရဲ့ မြေးဖြစ်သူအတွက် အသည်းအသန်ဖြစ်မှုနဲ့ ကိုယ်တိုင်ရဲ့ ရောဂါအတွက် စိတ်ပူပန်ရမှုတွေ ဒွန်တွဲနေတဲ့ လက်တွေ့ဘဝတစ်ခုကို ကဗျာဆန်ဖွယ် ကြည့်ရမဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။