Perfect Game (2011)
*
IMDb… 6.9
ဒီနေ့မှာဆိုရင်တော့ တောင်ကိုရီးယားဘေ့စ်ဘောလောကရဲ့ အထင်ကရ
ဘေ့စ်ဘောကစားသမားနှစ်ယောက်ဖြစ်ကြတဲ့ “ချွဲဒုံဝန်း” နဲ့ “ဆွန်းဒုံယော” တို့အကြောင်း
ရိုက်ကူးထားတဲ့ biographical sports drama ကားဟောင်း ကားကောင်းလေးတစ်ကား
တင်ဆက်ပေးချင်ပါတယ်။
Lotte Giants အသင်းရဲ့ ကစားသမားဖြစ်တဲ့ “ချွဲဒုံဝန်း” နဲ့ “Haitai Tigers” အသင်းရဲ့
ကစားသမားဖြစ်တဲ့ “ဆွန်းဒုံယော” တို့ဟာ အစပိုင်းမှာတော့ သိပ်ကိုခင်မင်ရင်းနှီးကြတဲ့
စီနီယာ-ဂျူနီယာ ဘေ့စ်ဘောကစားသမားနှစ်ယောက်ပေါ့။
စီနီယာဖြစ်တဲ့ “ချွဲဒုံဝန်း” ရဲ့အောင်မြင်မှုအရှိန်အဝါကြီးနေတဲ့အချိန်မှာ ဂျူနီယာဖြစ်တဲ့
“ဆွန်းဒုံယော” ကတော့ “စီနီယာ ချွဲဒုံဝန်းလိုမျိုး ဘောလုံးပစ်သမားဖြစ်ချင်ပါတယ်” လို့
အင်တာဗျူး ဖြေရတဲ့ အနေအထားမှာပဲရှိပါသေးတယ်။
ဒီလိုနဲ့ အချိန်တွေကုန်ဆုံးလာတာနဲ့အမျှ ကြိုးစားမှုက အရာထင်လာပြီး တကယ်လည်း “ဆွန်းဒုံယော” က
၁၉၈၆ ခုနှစ် တောင်ကိုရီးယားဘေ့စ်ဘောရာသီရဲ့ MVP တစ်ယောက်ဖြစ်လာပါတော့တယ်။