ဒီတစ်ခေါက် တင်ဆက်ပေးသွားမဲ့ ဇာတ်ကားလေးကတော့ လက်ရှိနာမည်ကြီးနေတဲ့ When the Phone Ringsထဲက ကိုခန့်ချောကြီး Yoo Yeon Seokရဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ Puppyကားလေး ဖြစ်ပြီး ခွေးချစ်သူတို့ အကြိုက်တွေ့စေမဲ့ ကားလေးပါ။
မင်ဆူ(Yoo Yeon Seok)ဟာ အထီးကျန်တဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့ရတဲ့သူပါ။ သူဟာသံယောဇဉ်တွယ်လွယ်သူဖြစ်ပြီး တစ်နေ့မှာတော့ ခွေးလေးရူနီကို ရပြီး အပျော်ကြီးပျော်ကာ ဘ၀ကိုအေးအေးဆေးဆေးဖြတ် သန်းနေသူတစ်ဦးပါ။
ဒါပေမဲ့ သူဟာ ငယ်စဉ်ကတည်းကလည်း မိသားစုမစုံမလင်နဲ့ ကြီးပြင်းလာခဲ့ရသူမလို့ အိမ်ထောင်ပြုပြီး သားမယားစုံစုံလင်လင်နဲ့ ဘ၀ကို ဖြတ်သန်းဖို့ဆိုတာ သူ့ရဲ့အိမ်မက်တစ်ခုပေါ့။ ဒါပေမဲ့ သူချစ်သူလည်းရလာပြီး မင်္ဂလာဆောင်ဖို့ ဖြစ်လာတဲ့အခါ ချစ်သူကောင်မလေးက ခွေးလေးရူနီကို မစောင့်ရှောက်နိုင်လို့ စွန့်ပစ်ဖို့ပေးဖို့ ပြောပါတော့တယ်။
ဒီလိုနဲ့ ချစ်သူကိုကလည်းချစ်ပြန် ခွေးလေးကိုကလည်း သံယောဇဉ်အမျှင်တန်းနဲ့ သူ့မှာခွေးလေးကို စွန့်ပစ်ဖို့ ပိုင်ရှင်လိုက်ရှာရင်းနဲ့ သောကပင်လယ်ဝေရပါတော့တယ်။ မင်ဆူတစ်ယောက် တခြားခွေးပိုင်ရှင်တွေနဲ့လည်းတွေ့ပြီး သင်ယူရတာတွေကိုလည်း လူနဲ့ခွေးလေးတွေရဲ့ကြားက သံယောဇဉ်နဲ့အတူ ဆွတ်ပျံ့ကြည်နူးဖွယ်ကောင်းအောင် ရိုက်ကူးပြထားတာမလို့ ခွေးလေးတွေချစ်သူအဖို့ လက်မလွှတ်တမ်းစောင့်ကြည့်လိုက်ကြရအောင်နော်။