Miracle on 1st Street 2007
၁ လမ်းရပ်ကွက်မှ အံ့သြစရာဖြစ်ရပ်။
ဒီဇာတ်လမ်းမှာ ကလေးသရုပ်ဆောင်တွေက အဓိကဖြစ်ပြီး ချစ်စရာ ဒေသခံတွေရဲ့ …
ဇာတ်လမ်းအသီးသီးတွေ၊ လူနေမှုအဆင့်အတန်းကွာဟမှုတွေ…
မြို့ပြစီမံကိန်းရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေနဲ့အတူ ရင်ထဲကိုနွေးသွားစေမဲ့
အခိုက်အတန့်တွေအားလုံးကို ကွက်ကွက်ကွင်းကွင်းရိုက်ပြထားတာမို့ ရယ်တစ်လှည့်၊
ငိုတစ်လှည့် ကြည့်ရမှာဖြစ်ပြီး ၂၀၀၀ ခုနှစ်ရဲ့ ဒိတ်ဒိတ်ကြဲ မမ ဟာဂျီဝန်းရဲ့ …
ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကိုလည်း ရှုစားနိုင်မှာဖြစ်လို့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်တယ်ဆိုတာ ညွှန်းလိုက်ပါရစေနော်။
ဇာတ်လမ်းအကျဉ်း
————–
ဆင်းရဲသားရပ်ကွက်လို့ လူတိုင်းကနှိမ်ခေါ်ကြတဲ့ ၁ လမ်းရပ်ကွက်လေးဟာ…
စရိုက်အဖုံဖုံနဲ့ အရောင်အသွေးစုံလှတဲ့ မိသားစုတွေရဲ့ အိမ်လို့ ခေါ်ရမှာပေါ့။
အဲဒီနေရာလေးကိုမှ လူမိုက်ဖီးဂျယ်ဟာ ရောက်ရှိသွားခဲ့တယ်။ ဖီးဂျယ်ဟာ…
အဲဒီကိုရောက်ပြီး သိပ်မကြာခင်မှာပဲ ၁ လမ်းမှာနေထိုင်တဲ့ မြောင်နန်ဆိုတဲ့ကောင်မလေးနဲ့ တွေ့ဆုံခဲ့တယ်။
လက်ဝှေ့သမားပေါက်စဖြစ်ပြီး တစ်နေ့မှာ ချန်ပီယံဖြစ်ဖို့ အိပ်မက်ရှိတဲ့ မြောင်နန်ဟာ…
အလုပ်ကြမ်းလုပ်ပြီး နေမကောင်းမကျန်းမာတဲ့ ဖခင်ဖြစ်သူကို ပြုစုစောင့်ရှောက်နေတဲ့ သမီးလိမ္မာတစ်ဦးပါ။