မအိုမင်းတတ်သော ချစ်ခြင်းများ
(我爱你)Love Never Ends 2023 ရုပ်ရှင်
” စစ်မှန်တဲ့ချစ်ခြင်းတွေဟာ အချိန်ကာလတွေ ဘယ်လောက်ကြာပါစေ မအိုမင်းတတ်ပါဘူး “
ဇာတ်လမ်းအညွှန်း
အိမ်ခြေရာမဲ့ဖြစ်နေတဲ့ လေလွှင့်အဘိုးကြီး ချန်ဝေကျယ် နဲ့ အမှိုက်ကောက်တဲ့ အဘွားကြီးတို့နှစ်ယောက်ဟာ အရင်က မသိကျွမ်းကြပေမဲ့ အခြေအနေချင်းတူတဲ့သူတို့နှစ်ယောက်က တစ်ဖြည်းဖြည်းနဲ့ ရင်းနှီးလာကြပါတယ်
အသက်အရွယ်အိုမင်းကာ စွန့်ပစ်ပစ္စည်းတွေရောင်းပြီး အသက်မွေး၀မ်းကြောင်းပြုနေရတဲ့ ရှဲ့တင့်ရှန်း နဲ့ ကျောက်ရှင်းရှင်း တို့ လင်မယားနှစ်ယောက်ဟာလည်း အသက်အရွယ်ကပေးတဲ့ ရောဂါဝေဒနာကို စတင်ခံစားနေကြရပါတယ်
သူတို့လေးယောက် ၊ချစ်ရသူတွေ ၊ ဘ၀ရဲ့အခက်အခဲအဖုံဖုံကျော်ဖြတ်လာပြီး နောက်ဆုံးမီးစာကုန်ခါနီးအချိန်ကို ရောက်လာနေကြပါပြီ
သူတို့လက်ကျန်သက်တမ်းမှာ မနက်ဖြန်ဆိုတာ ထပ်မရှိတော့ရင်တောင် သူတို့အချင်းချင်းကိုတော့ “ချစ်ရပါတယ် “ဆိုတဲ့ စကားကို ပြောနေမှာပါ