La La Land 2016
Titanic ပြီးရင် အကောင်းဆုံး romatic film လို့ မှတ်ယူနိုင်တဲ့ La La Land ကို ပြန်လည်ခံစားဖို့ တင်ဆက်ပေးလိုက်ပါတယ်။
မှန်တဲ့သူနဲ့ တွေ့ရင် ကိုယ့်ရဲ့ အကောင်းဆုံး ပုံစံကို ဆွဲထုတ်ပေးနိုင်တယ်ဆိုတာ ဒီရုပ်ရှင်က သက်သေပါပဲ။
Jazz ဂီတကို ကယ်တင်ချင်တဲ့ pianist ကောင်လေး Sebastian နဲ့ သရုပ်ဆောင်မင်းသမီး ဖြစ်ဖို ကြိုးစားနေတဲ့ Mia။ ပူပြင်းလှတဲ့ L.A မြိုမှာ အိပ်မက်တွေနောက်လိုက်နေကြတဲ့ သူတို့နှစ်ယောက် ကိုယ့်အိပ်မက် သူ့အိပ်မက် ဖလှယ်ရင်း ချစ်ကြိုက်သွားခဲ့ကြတာပေါ့။ ဒီလိုနဲ့ သူတို့နှစ်ဦး တစ်ယောက်ရဲ့အိပ်မက် တစ်ယောက်ဖေးမရင်း ဘဝအချိုးအကွေ့တစ်ခုကို ဖြတ်သန်းဖို့ဖြစ်လာပါတယ်။ အိပ်မက်တွေနောက်လိုက်ရင်း နှစ်ဦးတွေ့ဆုံရာ အစပျိုးလာတဲ့ အချစ်ဇာတ်လမ်းဆိုပေမဲ့ အဲဒီအိပ်မက်နောက်လိုက်ရင်း လိုက်ရင်း ကိုယ့်လမ်း သူ့လမ်းဖြစ်သွားတဲ့အခါ သူတို့နှစ်ဦးမဝေးကွာသွားနိုင်ဘူးလို့ ပြောလို့ရပါ့မလား…။