IT (2017)
ဇာတ်လမ်းအညွှန်း
၁၉၈၈ခုနှစ် အောက်တိုဘာလရဲ့ မိုးရွာတဲ့နေ့တစ်နေ့မှာ Georgie ဆိုတဲ့ကလေးလေးဟာ အစ်ကိုဖြစ်သူ Bill Denbrough ကို သူနဲ့အတူဆော့ပေးဖို့ပူဆာပေမဲ့ Bill ကတော့ အဖော်မလုပ်ပေးနိုင်တာကြောင့် စာက္ကူလှေလေးလုပ်ပေးပြီး တစ်ယောက်တည်းကစားခိုင်းခဲ့ပါတယ်။ Georgie တစ်ယောက် ကစားနေရင်းက လှေလေးကမြောင်းပေါက်ထဲကျသွားပြီး Pennywise (IT) ဆိုတဲ့အကောင်ကြီးရဲ့ သတ်ဖြတ်စားသောက်ခြင်းကိုခံခဲ့ရပါတယ်။ ဒီလိုနဲ့ နောက် ၇လ ၈လအကြာ အဲဒီမြို့မှာကလေးတွေဆက်တိုက်ပျောက်တဲ့ကိစ္စဖြစ်လာပါတယ်။ ဒီကိစ္စဟာ ညီငယ် Georgie ပျောက်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်နေတယ်ဆိုတာ Bill သိသွားတဲ့အခါမှာတော့ …