Chappie (2015)
ဂျိုဟန်းနက်စ်ဘာ့ဂ်မှာ မှုခင်းတွေဆိုးဆိုးရွားရွားဖြစ်ပွားတာကိုလျှော့ချဖို့ ကြိုးပမ်းနေတဲ့ တောင်အာဖရိကအစိုးရဟာ ရဲတွေနေရာမှာစက်ရုပ်ရဲတွေကိုအစားထိုး တာဝန်ထမ်းဆောင်စေခဲ့ပါတယ်
စက်ရုပ်တီထွင်တဲ့ ဒီဇိုင်နာဒီယွန်ဝီလ်ဆင်ဟာ လူသားတွေလိုပဲအသိဉာဏ်ရှိပြီး ခံစားမှုပါရှိတဲ့စက်ရုပ်တစ်ရုပ်ကို တီထွင်လိုပေမယ့်အထက်လူကြီးတွေရဲ့ ခွင့်ပြုချက်မရခဲ့ပါဘူး
လူဆိုးအဖွဲ့ထဲက နင်ဂျာ၊ ရိုလန်ဒီနဲ့ ရန်ကီတို့ဟာသူတို့ ဓားပြတိုက်ရာမှာသုံးဖို့အ တွက် စက်ရုပ်ကိုပြင်ပေးဖို့ဒီယွန်ကို အတင်းအကျပ်စေခိုင်းပါ တော့တယ်
ဒီလိုနဲ့ ဒီယွန်က စက်ရုပ်ထဲဆော့ဖ်ဝဲသစ်ထည့်လိုက်တဲ့ အခါမှာတော့စက်ရုပ်ဟာကလေး တစ်ယောက်လိုပြုမူခဲ့ပါတယ်
အဲဒီနောက်စကားလည်း စပြောခဲ့ပြီး သူ့ကို ချက်ပီလို့နာမည်ပေးခဲ့ကြပါတယ်။ချက်ပီကို တီထွင်တဲ့ဒီယွန်ကို နင်ဂျာက နှင်ထုတ်ခဲ့ပါတယ်
အဲဒီအချိန်မှာ ဒီယွန်ဟာ ချက်ပီ ကို စက်ရုပ်ထုတ်တဲ့စက်ရုံကို သယ်လာပြီးဗင်းဆင့်လုပ်ထားတဲ့ ဆော့ဖ်ဝဲတွေကို ရပ်တန့်အောင် ကြိုးပမ်းခဲ့ပါတယ်။အဲဒီအခါမှာ ဗင်းဆင့်တစ်ယောက်ဘယ်လိုတွေ ဆက်ဒုက္ခပေးဦးမှာလဲ
ချက်ပီကကော သူနဲ့ ပတ်သက်သူတွေကိုကယ်ဆယ်နိုင်ပါ့မလားဆိုတာကို တော့ ကိုယ်တိုင် ကြည့်ရှုခံစားလိုက်ပါဦးနော် 👍👍👍