Bairavaa [2017]
ပညာပေးခန်းတွေ ကောင်းလို့
မိဘနဲ့ သားသမီးကြားက ဆက်ဆံရေး၊
ဆွေမျိုးတွေနဲ့ ဆက်ဆံရေး
စတဲ့ စတဲ့ မေတ္တာတရားအခြေခံ
ဇာတ်လမ်းဇာတ်အိမ် ဖွဲ့နွဲ့မှု ကောင်းလွန်းလို့၊အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ပညာပေးခန်းတွေ အတုယူဖွယ် ကောင်းလွန်းလို့ မဟုတ်လား?
အကြောင်းအရာက
ဖန်တရာတေနေပေမယ့်
တင်ပြပုံနဲ့ ဇာတ်လမ်းက မရိုးမအီနိုင်ပဲ
ဆယ်စုနှစ်နဲ့ ချီပြီး ဒီလိုဇာတ်လမ်းတွေ ထွက်နေခဲ့တာပါ. . .
သူတို့နိုင်ငံအတွက်
ဒီလိုစံပြ ပညာပေးကားတွေလှိုင်လှိုင်ကြီး ပေါ်ထွက်နေပေမယ့်
ယခုအချိန်အထိလည်း ပရိတ်သတ်က
လက်ခံအားပေးနေကြဆဲပါပဲ
ဒီကားထဲမှာလည်း
ဒီလိုအကျင့်ပျက်ခြစားမှုတွေကို
ကောလိပ်ကျောင်းသူကျောင်းသားတွေဘက်က ရပ်တည်ဖြေရှင်းပေးမယ့်
ဘိုင်ရာဗာဆိုတဲ့ ဇာတ်ကောင်အဖြစ်
မင်းသားကြီး ဗီဂျေးကို မြင်တွေ့ရဦးမှာပါ
မြင်မြင်ချင်း ချစ်မိသွားတဲ့ မာဟစ်ရ်ှဝါရီဆိုတဲ့ မိန်းကလေးနောက်ကို
တကောက်ကောက်လိုက်ရင်း
မတရားအသတ်ခံရပြီး အမှုရှုံးနေတဲ့
မာဟစ်ရ်ှရဲ့ သူငယ်ချင်းရဲ့ အမှုကို
ကူညီလိုက်ပေးရာက အစ
အရှိန်အဝါကြီးမားတဲ့ PK ဆိုသူကို
တိုက်ခိုက်ချေမှုန်းတဲ့အကြောင်း ဖြစ်ပါတယ်
မင်းသားကြီး ဗီဂျေးဆိုတော့
မကောင်းမှာ လုံးဝမပူရပါဘူး
အားပေးလိုက်ကြပါဦး. . .