အိန္ဒိယတောင်ပိုင်း တမီးလ်နန်ဒူးမှာ ရှေးအစဥ်အလာတည်းက ကြက်တိုက်ခြင်းဓလေ့တွေရှိခဲ့ပါတယ်။ သိမ်မွေ့တဲ့ကြက်တိုက်ပွဲဆိုတာ လူ့ဘဝတိုက်ပွဲတွေလိုပါပဲ။ သူတို့ရဲ့နယ်မြေကိုကာကွယ်ဖို့နဲ့ ကြက်အမတွေကိုရဖို့ တိုက်ခိုက်ကြရပါတယ်…
မာဒူရိုင်နယ်မှာ ရိုးရာတိုက်ကြက်ဖတွေကိုလေ့ကျင့်ပေးတဲ့ ပက်တရာကာရန်နဲ့ စုံစမ်းရေးရဲအရာရှိ ရာသင်နာဆာမီတို့ကြားက ကြက်တိုက်ပွဲက ပြင်းထန်ပါတယ်။ ပက်တရာကာရန်ရဲ့ ကျွမ်းကျင်လိမ်မာမှုကြောင့် ရာသင်နာဆာမီက ဘယ်တုန်းကမှသူ့ကို ကြက်တိုက်ပွဲမှာမနိုင်ခဲ့ပါဘူး။ ရာသင်နာဆာမီက သူ့အမေမသေခင် ပက်တရာကာရန်ကိုအနိုင်ရချင်တဲ့အတွက် နည်းပေါင်းစုံနဲ့အနိုင်ရဖို့ကြိုးစားခဲ့ပါတယ်။
ကာရူပူနဲ့ ဒူရေယန်က ပက်တရာရဲ့အုပ်စုမှာ ပက်တရာသဘောအကျဆုံးလူတွေပါ။ ကာရူပူက တိုက်ကြက်တွေကို မွေးမြူထိန်းကျောင်းတာမှာ ပါရမီထူးချွန်တဲ့သူပေါ့။ ကာရူပူက အီရာနီဆိုတဲ့မိန်းကလေးကိုချစ်မိသွားပြီး အီရာနီက သူ့ကိုတကယ်ချစ်တာမဟုတ်ဘဲ တခြားတစ်ယောက်ကိုရှင်းထုတ်ချင်လို့သာသူ့ကိုချစ်တယ်လို့ညာတဲ့အခါ…