A House On Fire (2024)
Montseကတော့ ဒီအပတ်မှာ သူမရဲ့တစ်မိသားစုလုံးနဲ့အတူ Cadaquésမှာ ပျော်ရွှင်စရာအချိန်လေးကို ကုန်ဆုံးဖို့ စိတ်လှုပ်ရှားနေပါတယ်။
သူမကတော့ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းထားတာ အချိန်တော်ကြာခဲ့ပါပြီ။အခုချိန်မှာတော့ ခင်ပွန်းဟောင်းဖြစ်သူက လက်တွဲဖော်အသစ်ပိုင်ဆိုင်ထားပြီဖြစ်ပြီး သူမရဲ့ကလေးတွေကလည်း သူမအပေါ် အာရုံမစိုက်ဘဲ ကြီးပြင်းလာကြပြီး သူတို့ဘဝနဲ့သူတို့ ဖြစ်နေကြပါပြီ။
ဒါပေမဲ့ ဘယ်သူကမှတော့ သူမရဲ့နောက်ဆုံးဆန္ဒကို မဆန့်ကျင်နိုင်ပါဘူး။”Montse”ကတော့ ဒီအခိုက်အတန့်ကို စောင့်မျှော်နေခဲ့တာဖြစ်ပြီး သူမမိသားစုနဲ့အတူ နောက်ဆုံးရက်သတ္တပတ်ကို ဘယ်လိုကုန်ဆုံးသွားမလဲဆိုတာ ဒီcomedy movieလေးမှာ ဆက်လက်ရှုစားလိုက်ကြပါဦးရှင်