Rotten Tomatoes (100%)
December 23, 2009 (USA) မှာ ရုံတင်ပြသခဲ့ပြီး Director: Rajkumar Hirani ရိုက်ကူးထားတဲ့
3 Idiots အမည်ရှိ India ဟာသ ရုပ်ရှင်ကားလေးဟာ ဟာသ တစ်ခုထဲတင်မကပဲ Aamir Khan
ရိုက်ကူးလေ့ရှိသော ဇတ်ကောင်များ အတိုင်း ပရိတ်သက်ကို အတွေးသစ်အမြင်သစ် နှင့် အခြား
စိတ်ဓါတ် မြင့်တင်ရေး ပုံစံသစ်ဖြင့် ထိုးထွက်လာသော ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်…
မိဘ တွေဟာ သားသမီးတွေ ငယ်စဉ်ကတည်းက သူတိုအပေါ် အရမ်းမျှော်လင့်ချက် ရှိကြတယ်
လမ်းမှားမသွားအောင် လို ပဲ့ပြင်ဆုံးမကြတယ် ဒါပေမယ့် မိဘ တော်တော်များများကတော့
သားသမီး တွေကို ပညာတက် ဖြစ်စေချင်ပြီး ဆရာ၀န်ကြီး အင်ဂျင်နီယာကြီး ဖြစ်စေချင်တဲ့ စိတ်က
အားလုံး ကိုယ်စီ ရှိကြပါတယ် ဒါပေမယ့် ကလေးတွေကရော သူတို ဘာဖြစ်ချင်ပါတယ်ဆိုတာကို
မမေးမိကြပါဘူး သိလဲ မသိချင်ကြသလို စိတ်မ၀င်စားကြပါဘူး ကလေးတွေဟာ စက်ရုပ်တွေလိုပဲ
မိဘ တွေ ဖြစ်စေချင်တဲ့ စီးပွားရေး သမား အစိုးရ ၀န်ထမ်း ဆရာ၀န် အင်ဂျင်နီယာ ရှေ့နေတွေ
အဖြစ် ရပ်တည်လာကြရတယ် ဒါပေမယ့် သူတို ဆီမှာ တစ်ခြားတစ်ဖက်မှာ ထူးချွန်နိုင်တဲ့ ပညာ
အရည်အချင်းတွေ ရှိနေခဲ့တယ်….